ရွှေကုက္ကိုလ်က အသိုက်ပျက်သွားတဲ့ ကျားဖြန့်တွေ ရန်ကုန်ကို ခြေကုတ်ယူနေကြပြီလား…? (သားကောင်မဖြစ်စေကြနဲ့ဗျို့ …)

ရွှေက္ကိုင်က ကျားဖြန့်တွေ အသိုက်ပျက်သွားလို့
မြန်မာပြည်ထဲ လှိမ့်၀င်လာနေကြပြီ ..
နည်းအဟောင်းတွေရော နည်းအသစ်တွေရော
ရှယ်သုံးလာကြတာဗျို့ ..

မြန်မာစာ ကို စကားပြော နဲ့ စကားပြေတောင်
မ မှန်တဲ့ ဆေး ကြော်ငြာတွေ ၊ မြန်မာစကား
ကောင်းကောင်းပြောတတ်ရဲ့သားနဲ့ အမြှီးအပေါက်
မတည့် ၀ါကျ မှန်အောင် မပြောတတ်တဲ့
ကြော်ငြာတွေ တွေ့ရင် ရှောင်ကြပါ..

ကိုယ့်ကလစ်နှိပ်မဲ့ Website ကိုလဲ
သေချာကြည့်ပါ.. .com နဲ့ မဆုံးပဲ
click တို့ asia တို့ဆို သေချာတယ်..
အဲဒီအောက်မှာ “ယူမယ် မှာမယ်” မန့်နေတဲ့
သူတွေကလဲ အကောင့်တုတွေ Bot တွေ
ချည်းပဲ ..

တချို့ဆို မြန်မာလို မန့်ပြီး
ဖုန်းနံပါတ်က မြန်မာနံပါတ် မဟုတ်ဘူး..
တကယ့် အကောင့်အစစ် ၊ ဖုန်းနံပါတ်အစစ်နဲ့
နားမလည်တဲ့သူတွေ မန့်လာအောင်
လုပ်နေတာ..
ရေမွှေးပေ့ချ်အတုတွေ ၊ i.phone အတု ၊
Smart Watch အတုတွေ လဲ ပြန်ပေါ်လာတယ်..
အနုပညာရှင်တွေကလဲ ကိုယ့်ကြော်ငြာပေးနေတဲ့
ပစ္စည်း က တကယ် ရှိမရှိ ၊ အစစ်
ဟုတ်မဟုတ် သေချာ စုံစမ်းသင့်တယ်..

ငွေရတာနဲ့ ကြော်ငြာပေးနေတဲ့ ဘောမ
အနုပညာရှင်တွေ ပိုတွေ့ရတယ်..

ဆေးအတုကြော်ငြာတွေဆိုရင်
ပါရဂူ ဘယ်သူပါ ၊ ဒေါက်တာ ဘယ်သူပါဆိုပြီး
ဘယ်ကလူတွေမှန်းမသိ ဂျုတီကုတ်၀တ်ပြီး
ကြော်ငြာနေတာတွေ့တယ်..

(မြန်မာပြည်က ဆရာ၀န်၊ ပါရဂူလောက က
ကျဥ်းကျဥ်းလေးပါ.. ဒီလူ
လူလိမ်မှန်း တန်းသိတာပဲ..)
ဗီဒီယိုထဲက မြင်ကွင်းတွေ ၊ Taxi ကားနံပါတ်
စာလုံးတွေ အတိုင်းဆို ရန်ကုန်က တစ်နေရာရာမှာပဲ..

ကျားဖြန့်တွေ ရန်ကုန်ကို ခြေကုတ်ယူနေတာ
သေချာနေပြီ..

ဘယ်သူဘယ်၀ါမှန်း ငွေရင်းခိုင်းတဲ့
ကျောက်ကိစ္စတွေရော ပါတယ်..

Live ထဲမှာ ၅သောင်း ၊ ၁၀သိန်းပဲ ရင်း
မပေါက်ရင် သိန်း၂၀၀ တို့ သိန်း၅၀၀တို့
လျော်မယ်ဆိုတာ စာရွက်စုတ်လေး
တစ်ရွက်ပေါ် သိန်းပေါင်း ၂သောင်းလောက်
ရေးပြထားတာလဲ မဟုတ်သေးဘူး..

ကြားနေရတဲ့ အသံတွေကလဲ
အသံဖမ်းထားတာ ဖွင့်ပြပုံပေါ်တယ် ..

ည ၈နာရီ ၉နာရီ လိုင်းပေါ်လူရှိမဲ့အချိန်
တမင် Live လွှင့်ပြီး အချဥ်ဖမ်းနေတာ..
အောက်က မန့်တွေကလဲ မရင်းလိုက်ရင်
မှားတော့ပုံ ၊ စားရ၀ခမန်း ၄-၅ကောင့်ကပဲ
ထပ်ခါတလဲလဲ မန့်နေတာ..

ငွေလွှဲရင် ပလုံမှာပဲ..
လိမ်လို့ရမဲ့ လူဒေတာတွေ ရသလောက်
လိုက်ကောက်နေတာပါ..
ကျားဖြန့်တွေ စားကျက်ရှာနေတယ်..
သားကောင်မဖြစ်စေကြနဲ့ဗျို့ ..

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

နှိပ်ပီးဖတ်ပါ

မြန်မာနိုင်ငံသားများကို အိုမန်တွင် အလုပ်လုပ်ခွင့် ပိတ်သိမ်းလိုက်ပြီ…(မလုပ်ရတာဘဲ ကောင်းပါတယ်) ယမန်နေ့ည အိုမန် Oocia အစည်းအဝေးတွင် အိုမန်တောင်ပိုင်း ဝန်ကြီးများ ဆွေးနွေးမဲခွဲပြီးနောက်…

နှိပ်ပီဖတ်ပါ

18.7.2025(Friday) 😓ကောင်းရာသုဂတိလားပါစေ သားသားလေး😓 ပဲခူးမြို့၊ ဥဿာမြို့သစ်(၁)ရပ်ကွက်၊ နယ်မြေ(၅)တွင် ယနေ့ညနေပိုင်းက မောင်ကျော်ကျော်မျိုး၊ ၇နှစ်၊ Grade-1 ကျောင်းသား (ရွှေဘုန်းပွင့်ဘုန်းတော်ကြီးစာသင်ကျောင်း)သည်…

နှိပ်ပီးဖတ်ပါ

ဒီနေ့ နေ့လည်ပိုင်း ရန်ကင်းလမ်း Golden city ရှေ့အကျော်နားမှာ ရပ်ထားပြီး အမျိုးသားက အလုပ်ကိစ္စနဲ့ သွားတော့ ကျွန်မကားပေါ်စောင့်နေရင်း ပုံပါ…

နှိပ်ပီးဖတ်ပါ

တို့ဆေး ဆိုတာကြီးက အန္တရယ်မများသလို ရေးထားတဲ့ စာတစ်ပုဒ်တွေ့လို့ သတိပေးဦးမယ်…   Facts Check about တို့ဆေး လူတစ်ယောက်ကို…