ဒီနေ့ နေ့လည်ပိုင်း ရန်ကင်းလမ်း Golden city ရှေ့အကျော်နားမှာ ရပ်ထားပြီး အမျိုးသားက အလုပ်ကိစ္စနဲ့ သွားတော့ ကျွန်မကားပေါ်စောင့်နေရင်း ပုံပါ မော်တော်ပီကယ်ကို သတိထားမိသွားတယ်

အဲ့မော်တော်ပီကယ်က နောက် သူနဲ့ရွယ်တူ အသက် ၂၀ ဝန်းကျင် လူတယောက်နဲ့ သစ်ပင်နောက်မှာ အချိတ်အဆက် လုပ်နေတာကို ကျွန်မမြင်လိုက်ကတည်းက မရိုးသားဘူးလို့တော့ တွေးလိုက်မိတယ်

ဒင်းက ဝီစီမှုတ်ပြီး ကားတွေကို တစ်စီးပြီးတစ်စီး တားနေတာ စာရွက်တွေလဲ ထုတ်ခိုင်းပြခိုင်းနဲ့ ကျွန်မကား ဘတ်မှန်ကနေကြည့်နေတာ

ရုပ်တည်နဲ့ပဲနော် … ပိုက်ဆံလဲတောင်းနေမှာပေါ့ သဲသဲကွဲကွဲတော့မမြင်ရဘူး … ကျွန်မက သံသယဝင်ပေမယ့် အရမ်းလဲ မစွပ်စွဲရဲဘူး … သူက ကားကြီးတွေ light truck hijet အဲ့ကားတွေကို တားပြီးစစ်ဆေးနေတာ …

ကျွန်မအမျိုးသား ကားပေါ်ရောက်တော့ ကျွန်မက အဲ့လူအကြောင်းပြောနေရင်း အဲ့လူက ဟိုဘက်လမ်းကလာတဲ့ hijet ကိုပါတားပြီး လက်ဖက်ရည်ဖိုးတောင်းတာကို မြင်တော့ အမျိုးသားက ကားပေါ်ကဆင်း သူ့နောက်လိုက်ပြီး video လိုက်ရိုက်၊ ဘေးပတ်ဝန်းကျင်ကိုလဲ ပြောပြတော့ ပြေးတာမှတန်းနေတာပဲ …

အဲ့နားတဝိုက် လိမ်စာ:နေပုံရတယ် … နောက်ဆို မော်တော်ပီကယ်တားပီဆိုတာနဲ့ သူအရင်ကိုယ့်ကို မစစ်ခင် ကိုယ်ကဦးအောင် သူမော်တော်ပီကယ် စစ်မစစ် အရင်စစ်မှ ဖြစ်မယ် 😂😂😂

လိမ်တဲ့သူတွေလဲလေ နည်းမျိုးစုံ လိမ်စာ:တတ်တာ အံသြတယ်နော် … အလိမ်မခံရစေရန် သတိထားကြပါနော်🙏🙏🙏

#NewsZone

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

နှိပ်ပီးဖတ်ပါ

မြန်မာနိုင်ငံသားများကို အိုမန်တွင် အလုပ်လုပ်ခွင့် ပိတ်သိမ်းလိုက်ပြီ…(မလုပ်ရတာဘဲ ကောင်းပါတယ်) ယမန်နေ့ည အိုမန် Oocia အစည်းအဝေးတွင် အိုမန်တောင်ပိုင်း ဝန်ကြီးများ ဆွေးနွေးမဲခွဲပြီးနောက်…

နှိပ်ပီဖတ်ပါ

18.7.2025(Friday) 😓ကောင်းရာသုဂတိလားပါစေ သားသားလေး😓 ပဲခူးမြို့၊ ဥဿာမြို့သစ်(၁)ရပ်ကွက်၊ နယ်မြေ(၅)တွင် ယနေ့ညနေပိုင်းက မောင်ကျော်ကျော်မျိုး၊ ၇နှစ်၊ Grade-1 ကျောင်းသား (ရွှေဘုန်းပွင့်ဘုန်းတော်ကြီးစာသင်ကျောင်း)သည်…

နှိပ်ပီးဖတ်ပါ

မန္တလေးတွင် Bluetooth Speaker Box အားသွင်းထားရာမှ ဘက်ထရီပွင့်ထွက်ပြီး မီးလောင်မှုဖြစ်ပွားရာ နေအိမ်၈လုံး ဆုံးရှုံးခဲ့   Jul 20,…

နှိပ်ပီးဖတ်ပါ

ရွှေကုက္ကိုလ်က အသိုက်ပျက်သွားတဲ့ ကျားဖြန့်တွေ ရန်ကုန်ကို ခြေကုတ်ယူနေကြပြီလား…? (သားကောင်မဖြစ်စေကြနဲ့ဗျို့ …) ရွှေက္ကိုင်က ကျားဖြန့်တွေ အသိုက်ပျက်သွားလို့ မြန်မာပြည်ထဲ လှိမ့်၀င်လာနေကြပြီ…