မန္တလေးတွင် Bluetooth Speaker Box အားသွင်းထားရာမှ ဘက်ထရီပွင့်ထွက်ပြီး မီးလောင်မှုဖြစ်ပွားရာ နေအိမ်၈လုံး ဆုံးရှုံးခဲ့

 

Jul 20, 6:20 AM

 

မန္တလေးမြို့ရှိ နေအိမ်တအိမ်တွင် မနေ့ညပိုင်းက Bluetooth Speaker Box ကို အားသွင်းထားရာမှ ဘက်ထရီပွင့်ထွက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဥ်မှာ ဇူလိုင်၁၉ရက် ည ၇နာရီ၅၃ မိနစ်က မဟာအောင် မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁လမ်းနှင့်၇၂ လမ်းကြားရှိ အိမ်ငှား ဒေါ်… နေထိုင်သည့် နေအိမ်အပေါ်ထပ်တွင်

Bluetooth Speaker Box အားသွင်းထားရာမှ ဘက်ထရီပွင့်ထွက်ပြီး အနီးရှိ အဝတ်အစားများကို မီးကူးစက်ကာ မီး လောင်မှုဖြစ်ပွားခဲ့သည်။

 

မီးလောင်မှုကြောင့် စုစုပေါင်းနေအိမ်(၈) လုံးသည် မီးဘေးသင့်ခဲ့ရပါသည်။

 

မီးလောင်မှုဖြစ်ပွားရာကို မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်( ၃၀)ဦး၊

 

အရန်မီးသတ်တပ်ဖွဲ့ဝင်( ၇၀ )ဦး၊ စုစုပေါင်း ( ၁၀၀ )ဦးတို့ကမီးငြှိမ်းသတ်ယာဉ် ( ၁၀ ) စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ် (၂)စီး စုစုပေါင်း (၁၇) စီးတို့ဖြင့် မီးငြှိမ်းသတ်ပေးခဲ့ရသည်။

 

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ဌားဖြစ်သူ ဒေါ်… ၃၉ နှစ်ကို သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူထားရှိသည်။

 

#မန္တလေးသတင်းကွန်ရက် #မီးလောင်

 

Photos Credit To Than Htay

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

နှိပ်ပီဖတ်ပါ

18.7.2025(Friday) 😓ကောင်းရာသုဂတိလားပါစေ သားသားလေး😓 ပဲခူးမြို့၊ ဥဿာမြို့သစ်(၁)ရပ်ကွက်၊ နယ်မြေ(၅)တွင် ယနေ့ညနေပိုင်းက မောင်ကျော်ကျော်မျိုး၊ ၇နှစ်၊ Grade-1 ကျောင်းသား (ရွှေဘုန်းပွင့်ဘုန်းတော်ကြီးစာသင်ကျောင်း)သည်…

နှိပ်ပီးဖတ်ပါ

မြန်မာနိုင်ငံသားများကို အိုမန်တွင် အလုပ်လုပ်ခွင့် ပိတ်သိမ်းလိုက်ပြီ…(မလုပ်ရတာဘဲ ကောင်းပါတယ်) ယမန်နေ့ည အိုမန် Oocia အစည်းအဝေးတွင် အိုမန်တောင်ပိုင်း ဝန်ကြီးများ ဆွေးနွေးမဲခွဲပြီးနောက်…

နှိပ်ပီးဖတ်ပါ

ဒီနေ့ နေ့လည်ပိုင်း ရန်ကင်းလမ်း Golden city ရှေ့အကျော်နားမှာ ရပ်ထားပြီး အမျိုးသားက အလုပ်ကိစ္စနဲ့ သွားတော့ ကျွန်မကားပေါ်စောင့်နေရင်း ပုံပါ…

နှိပ်ပီးဖတ်ပါ

ရွှေကုက္ကိုလ်က အသိုက်ပျက်သွားတဲ့ ကျားဖြန့်တွေ ရန်ကုန်ကို ခြေကုတ်ယူနေကြပြီလား…? (သားကောင်မဖြစ်စေကြနဲ့ဗျို့ …) ရွှေက္ကိုင်က ကျားဖြန့်တွေ အသိုက်ပျက်သွားလို့ မြန်မာပြည်ထဲ လှိမ့်၀င်လာနေကြပြီ…